Pages

Tuesday, February 28, 2012

လောကကိုလှည့်စားနေသူများ

လူတို့သည် ပုဂ္ဂိုလ်တဦးကို ကြည်ညိုရာ၌ပင် တူညီမှု့မရှိတတ်ကြပေ။
ကိုယ်သန်ရာသန်ရာကို ရွေးချယ်တတ်ကြ၏။ ထိုသို့သော ယုံကြည်ကိုးကွယ်မှု့ကို
အဌကထာဆရာက ဤသို့ဖွင့်ပြပါသည်။

၎င်းတို့မှာ..........

(၁) ရူပပ္ပမာဏ - ရုပ်ဆင်းအင်္ဂါ လှပခြင်းကို အစွဲပြု၍ ကြည်ညိုသူ။
(၂) ဃောသပ္ပမာဏ - ကျော်စောသံကို ကြား၍ကြည်ညိုသူ။
(၃) လူခပ္ပမာဏ - ခေါင်းပါးသောအကျင့်ကို စွဲ၍ ကြည်ညိုသူ ။
(၄) ဓမ္မပမာဏ - သီလ၊ သမာဓိ၊ ပညာရှိမှု့ကို စွဲ၍ ကြည်ညိုသူ ဟူ၍ ဖြစ်ပါသည်။

(မဇ္ဈိမမဏ္ဏာသ၊ ဌ၊ ၁။ ၃၀၇)


ထို (၄) ယောက်တို့တွင်........

(၁) ရူပပ္ပမာဏ ရုပ်အဆင်းလှမှု့ကို ကြည်ညိုသူသည် ပစ္စုပ္ပန်သံသရာ၌ မည်သည့်ကောင်းကျိုးမျှ
ရရှိမည်မဟုတ်ပေ။ မြတ်စွာဘုရားက ၀က္ကလိရဟန်းကို ကဲ့ရဲ့သကဲ့သို့ ဘုရားရှင်ကဲ့ရဲ့ ခံရမည်သာ
ဖြစ်ချေသည်။ အောက်ထစ်ဆုံးအားဖြင့် ကြည်ညိုသူက အမျိုးသမီးယောဂီဖြစ်လျှင်မူ
“လူပျံတော်မယား” ဟူသော ဘွဲ့ထူးဂုဏ်ထူးရခြင်းမှ တပါး အခြားသောအကျိုးမရှိပေ။

(၂) ဃောသပ္ပမာဏ - အရ ကျော်စောသံကို ကြား၍ကြည်ညိုလျှင်လည်း အလိမ်ခံရတတ်ပေသည်။
အကြောင်းမှာ - ဟုတ်၍ ကျော်သောပုဂ္ဂိုလ်များရှိသကဲ့သို့ မဟုတ်ဘဲနှင့် ကျော်နေသည့် ပုဂ္ဂိုလ်များလည်း
ရှိတတ်သောကြောင့် ဖြစ်ပါသည်။
မှန်ပေသည် -
နာမည်ကြီးခြင်း၊ ကျော်စောခြင်းသည် အစစ်အမှန် များရှိသကဲ့သို့ အလံရူးအဖွဲ့က ကြော်ငြာပေးခြင်း၊
ဝိုင်းပင့်ပေးသောနည်းဖြင့် အသိုင်းအ၀ိုင်း အင်အားကိုသုံးပြီး နာမည်ကြီးအောင်
လှော်ပေးခြင်းတို့ကြောင့် နာမည်ကြီးသူများလည်း ရှိတတ်ကြပေသည်။

(ယခုခေတ်အခါတွင် ပေါ်ပေါက်နေကြသော မိုးပြာ၊ ချစ်ငယ်(ဒဿန)၊ ဓမ္မစေတီ
လူသေလူဖြစ်ဦးဥက္ကဌ၀ါဒ၊ တန့်ကြည်တောင်၊စူနာမီ၊..... စသော အဓမ္မ၀ါဒ
လူလိင်လူညာများကဲ့သို့သော အဖွဲ့များကို ဆိုလိုပါသည်)
ဥပမာ - ကြော်ငြာထည့်၍ ကြော်ငြာတိုင်း ပစ္စည်းမှန်၊ ပစ္စည်းကောင်းဟု
မသတ်မှတ်နိုင်သကဲ့သို့ ဖြစ်ပါသည်။

(၃) လူခပ္ပမာဏ -အရ သင်္ကန်း သပိတ်ခေါင်းပါးမှု့ကို ကြည့်၍ ကြည်ညိုလျှင်လည်း
အလိမ်ခံရတတ်ပေသည်။
အကြောင်းမှာ ..........
ခေါင်းပါးမှ လူကြည်ညိုမည်၊ လူကြည်ညိုမှ လာဘ်လာဘပေါများပြီး ထင်ပေါ်ကြော်ကြားမည်
ဟူသော အကြံအစည်ဖြင့် ခေါင်းပါးပြသူများလည်း ရှိတတ်သောကြောင့်ပင် ဖြစ်ပါသည်။
မှန်ပေသည် -
လောက၌ ခေါင်းပါသူ အစစ်အမှန်များရှိသကဲ့သို့ ခေါင်းပါးသယောင် ဟန်ဆောင်နေသူများလည်း
ရှိတတ်ပေသည်။ ဤကဲ့သို့သော အတုယောင်များလည်း ရှိတတ်ကြောင်းကို မြတ်စွာဘုရားက
ဤသို့ဟောတော်မူခဲ့ပါသည်..........

“ရဟန်းတို့ ပညာနုံသောကြောင့်၊ တွေဝေသောကြောင့် တော၌နေသည့် တောနေရဟန်းများလည်း
ရှိတတ်ကြ၏။ ယုတ်ညံ့သော အလိုရှိသည်ဖြစ်၍၊ အလိုဆိုးနှိပ်စက်အပ်သည်ဖြစ်၍ တော၌နေသည့်
တောနေရဟန်းများလည်း ရှိတတ်၏။ ရူးသွပ်ခြင်း၊ စိတ်ပျံ့ လွင့်ခြင်းကြောင့် တော၌နေသည့်
တောနေရဟန်းများလည်း ရှိတတ်၏။ ဗုဒ္ဓ နှင့် ဗုဒ္ဓသာဝကတို့သည် ချီမွမ်းအပ်၏ဟု နှလုံးသွင်း၍
တော၌နေသည့် တောနေရဟန်းများလည်း ရှိတတ်ကြ၏။
အလိုနည်းမှု့၊ ရောင့်ရဲမှု့၊ ခေါင်းပါးမှု့၊ ဆိတ်ငြိမ်မှု့ ကိုသာလျင်မှီ၍ အကျင့်ဖြင့် အကျိုးရှိမှု့ကိုသာလျင်မှီ၍
တော၌နေသည့် တောနေရဟန်းများလည်း ရှိတတ်ကြ၏။
(အာရညိကသုတ်) (အံ၊ ၂၊ ၁၉၃)

ထိုတောနေရဟန်း ငါးမျိုးတို့တွင် ယုတ်ညံ့သော အလိုရှိသည့် တောနေရဟန်းဟူသည်..
“တောထဲမှာနေသော ငါ့အား ဒီဆရာတော်က တောထဲမှာ တပါးတည်းနေရှာတယ် ဟု
လူအပေါင်းက ပစ္စည်းလေးပါးဖြင့် ပူဇော်ကြလိမ့်မယ်။
ဒီဆရာတော်က ဆိတ်ငြိမ်ရာအရပ်မှာသာ ပျော်တတ်တယ် စသည်ဖြင့် လူအပေါင်းက
ချီမွမ်းကြလိမ့်မယ်” စသည်ဖြင့် ထင်ပေါ်ကျော်ကြား လာဘ်ပေါများလို၍ အာရညိကဓုတင်
ဆောက်တည်သော ရဟန်းမျိုးကို ဆိုပေသည်။
(အံ၊ ဌ။ ၃၊ ၆၅)

(၄) ဓမ္မပမာဏ - အရ သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ကို
ချင့်ချိန်ဝေဖန်၍ ကြည်ညိုခြင်းသည်သာ အန္တရယ်အကင်းဆုံး၊ ဘေးအရှင်းဆုံး ကိုးကွယ်ခြင်းမျိုး
ဖြစ်ပေသည်။ ပစ္စုပ္ပန်သံသရာ၌ ကောင်းကျိုးချမ်းသာ ခံစားရန်အတွက် စိတ်အချရဆုံးသော
ကိုးကွယ်ခြင်းမျိုး ဖြစ်ပါသည်။

သို့ဖြစ်၍ စာဖတ်သူအပေါင်း သူတော်ကောင်းတို့သည်
ရုပ်လှသူနောက် ကောက်ကောက်ပါအောင် လိုက်နေကြသူများ၊
နာမည်ကြီး၍ ဆည်းကပ်နေကြသူများ၊
ခေါင်းပါးခြင်းဖြင့် အလိမ်ခံရသူများ မဖြစ်ရလေအောင် သိက္ခာသုံးရပ် အကျင့်မြတ်ကို
ရွေးချယ်ဆည်းကပ်နိုင်စေရန် အသိပေးအပ်ပါသည်။





အရှင်ဝရသာမိ (မုံရွာ)
http://www.sbay-student.org/ မှ ကူးယူဖော်ပြပါသည်။

ငါးပါးသီလမြဲသော မြောက်ကျွန်းနေထိုင်သူများအကြောင်း

ဥတ္တရကတ္တရကုရုခေါ်သော မြောက်ကျွှန်း၌နေထိုင်ကြသည့် လူတိုပသည် အမြဲ နိစ္စ ငါးပါးသီလကို လုံခြုံကြသည်။ ယင်း ငါးပါးသီလလုံခြုံသူတို့၏ ဓမ္မတာသိဒ္ဓိကြောင့် အောက်ပါဝိသေသန အကျိုးထူးများကို ခံစားကြရသည်။
 ၁။ အိုးအိမ်တိုက်တာ (နေစရာအတွက်အထူးဆောက်နေဖွယ်မလို၊သစ်ပင်များကနေထိုင်မှုအတွက်ကိစ္စပြီးစေသည်.။
 ၂၊ မြောက်ကျွှန်းနေလူတို့မှာ ရှည်ခြင်းပုခြင်းစသော အပြစ်မျိုးကင်းသည်၊လုံးရပ်သဏ္ဍာန်နှင့်ပြည့်စုံ၍ ကိုယ်လုံးကိုယ်ဖန် အရပ်အမောင်းတူညီကြသည်။
 ၃။ ဇရာရောဂါ အနှိပ်အစက်မခံရ၍ ဆံပင်ဖြူခြင်းသွားကျိုးခြင်း အရေတွန့်ခြင်း အင်အားကုန်ခမ်းခြင်းမရှိပေ။
 ၄။ အသက်မွေးဝမ်းကျောင်းအတွက် အဟာရပရိယေသန ဒုက္ခကင်းသည်။
 ၅။ မှက်၊ခြင်၊ယင်၊ကြမ်းပိုးစသော သတ္တဝါကိုက်ခဲမှုမခံရ။
 ၆။ စားသောက်မှုအတွက် ဝယ်ရ၊သွားရ၊ချက်ရသော ဒုက္ခမျိုးကင်းသည်၊ အခွံမပါ ဖွဲကင်းသောသလေးဆန်ကို အာဟာရအဖြစ်သုံးဆောင်ရသည်၊ ပကတိထင်းမီးဖြင့် ချက်မနေရ၊ ဇောတိကမည်သော ရတနာကျောက်တုံးပေါ်တင်လိုက်လျှင် ချက်ပြီးဖြစ်၏၊ဟင်းနှင့်ဟင်းလျှာအတွက် သီးခြားစီမံနေစရာမလို၊စားလိုသု၏ူက အချဉ်တမ်းတလျှင်အချဉ် အချိုတမ်းတလျှင်အချို အရသာပေါ်လာ၏။
 ၇။ အထက်ဖော်ပြပါ အဟာရကိုမှီဝဲသောကြောင့် နှုနာ၊ပွေး၊ညှင်း၊တင်းတိပ်နာ၊ချောင်းဆိုးပန်းနာ၊မြစ်ချောက်နာ၊အရှုးရောဂါနှင့်အိုနာများ ကင်းဝေသည်။
 ၈။ မြောက်ကျွှန်းနေလူအချင်းချင်း မနာလိုဝန်တိုစိတ်ကင်းရှင်းကြသည်။
 ၉။ ရာသီဥတုမျှတသည်။အပူလွန်ကဲမှု၊ အအေးလွန်ကဲမှု ရာသီဒဏ်မခံရ။
 ၁၀။ မြောက်ကျွှန်း၌ တန်ခိုးကြီးသော ဘုရားပစ္စေကဗုဒ္ဓါတို့ ဆွမ်းခံကြွမြဲ ဓမ္မတာဖြစ်၍ထူးခြားသည်။
 ၁၁။ မြောက်ကျွှန်း၌ ကုန်းသူ၊ကွသူ၊ ကောက်သူ၊ကွေးသူ၊ခွင်သူ၊ လေငန်းဆွဲသူ၊အင်္ဂါချို့တဲ့သူ၊ဣနြေ္ဒချို့တဲ့သူမရှိချေ။

၁၂။ အမျိုးသမီးများ ၆ပြစ်ကင်း၍ အရုပ်ဆိုးသူမရှိ၊၁၆နှစ်အရွယ်ထင်မှတ်ရသည်၊အမျိုးသားများ ၂၅ နှစ်အရွယ်မှာတည်သည်။
 ၁၃။ သားသမီးငယ်များက မိဘတို့ကိုနားပုနားဆာမလုပ်ကြ၊တွယ်ကပ်၍မနေကြ။
၁၄။ မြောက်ကျွှန်းနေလူတို့ ကာမကိစ္စ တစ်သက်လုံးမှာ (၇)ရက်သာခံစားကြသည်။
၁၅။ ကိုယ်ဝန်တည်ရခြင်းဒုက္ခ၊ လွယ်ရခြင်းဒုက္ခ၊ ဖွားရခြင်းဒုက္ခတို့မှလည်း ကင်းသည်။
၁၆။ မိဘတို့ကရင်သွေးငယ်အတွက် ကြောင့်ကြစိုက်နေစရာမလို၊ ကလေးများဆော့ကစားရာ အိပ်ပျှော်ရာမှာထား၍ လိုရာသွားနိုင်သည်။ တွေ့သူက အစားကျွှေးနို့တိုက်သည်။ ကလေးများကံကြောင့် လက်ညှိုးမှ နို့ထွက်သည်။
၁၇။ အဝတ်အတွက်ပူစရာမလို၊ ပဒေသာပင်မှရသည်။
၁၈။ ရေချိုးသည့်အခါ စုပေါင်းရေချိုးကြသည်၊အဝတ်ကိုစုပုံထားသည်၊ပထမရေချိုးပြီးသူကအပေါ်ဆုံးမှအဝတ်ကို ယူဝတ်သည်။ငါ့ဟာ သူ့ဟာ ငြင်းခုံမှုမရှိ။
၁၉။ သေသူအတွက် ကျန်ရစ်သူများ ပူဆွေးသောကမဖြစ်၊ မငိုကျွှေးပေ။
၂၀။ အပုပ်နံ့မရှိ၊ သုသာန်သင်္ချိုင်း ထားစရာမလို၊သေသူ၏ရုပ်ကလာပ်ကို အဝတ်ဖြင့်ထုပ်ပတ်၍ ချထားရသည်၊ ကုသိုလ်ကံ အဟုန်ကြောင့် ဖြစ်ပေါ်လာသော ငှက်ကြီးများက တခြားကျွန်းသို့ ယူဆောင်သွားကြသည်။
၂၁။သေပြီးနောက် နတ်ပြည်ရောက်သည်၊ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာမဖြစ်ချေ။
၂၂။ အနှစ်တစ်ထောင် သက်တမ်းမြဲသည်။

(သာရတ္ထဒီပနီဋီကာမှ)

ရွှေတိဂုံမှာ ပြန်ဆုံသည့်ပွဲ


လွန်ခဲ့သောနှစ်(၁၅၀)ခန့် က ရန်ကုန်မြို့ တွင်နေထိုင်သော သူဌေးကြီး ဦးဘကောင်းဟူသည့် လူတစ်ဦးရှိလေ၏။သူ
ဌေးကြီး ဦးဘကောင်းသည် ဗုဒ္ဒဘာသာဝင်တစ်ယောက်ဖြစ်လေသည်။သူဌေးကြီးဦးဘကောင်းသည် ဇနီးနှင့် သားတစ်ယောက်ရှိ၏။ဦးဘကောင်း
၏ ဇနီးအမည်မှာ ဒေါ်မြစိန်(အမည်မှန်မဟုတ်) ဟူ၍ခေါ်လေ၏။ဒေါ်မြစိန်တွင်လည်းမောင်ထွန်းနိုင်ဟူသည့် သားတစ်ယောက်ရှိလေ၏။သူဌေးကြီး
ဦးဘကောင်းသည် ဗုဒ္ဒဘာသာဝင်ပီပီ သဒ္ဒါတရားထက်သန်လေသည်။သူ၏အိမ်တွင် မကြာခဏဆိုသလို အလှူဒါနပြုလုပ်လေသည်။သူဌေးကြီးဦးဘကောင်းသည် ရွှေတိဂုံစေတီတော်ကြီးတွင်ဘုရားဆင်းတုတော်တစ်ဆူထုလုပ်လှူဒါန်းခြင်းနှင့် တန်ဆောင်းလှူဒါန်းထားသဖြင့် ဘုရာဒကာ၊တန်ဆောင်ဒကာဘွဲ့ ကိုရရှိထားသူဖြစ်သည်။သူဌေးကြီးဦးဘကောင်းသည် နေ့ စဉ် ရွှေတိဂုံဘုရားပေါ်သို့ သွား၍ ပုတီးစိပ်ခြင်း ၊ ဘုရားရှိခိုးခြင်းတို့ ကို ယင်းလှူဒါန်းထားသော ဘုရားဆင်းတုတော်ရှေ့  တွင်ပြုလုပ်လေသည်။ထို သို့ ပြုလုပ်လာသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။တစ်နေ့ တွင် ဦးဘကောင်း၏သူငယ်ချင်းဖြစ်သူများက ဘိလပ်ကို အလည်သွားရန်ပြောဆိုကြလေသည်။ဦးဘကောင်း၏သူငယ်ချင်းများသည် ဦးဘကောင်းကို ငွေကြေးချမ်းသာသူဖြစ်သဖြင့် ဘိလပ်ကိုအလည်သွားသင့်ကြောင်း ၊ ဘိလပ်သည် နတ်ပြည်နှင့်အလွန်တူကြောင်း ၊ မမြင်ဖူးသောနတ်ပြည်ကို အသာထား၍ နတ်ပြည်လိုလှပသော ဘိလပ်ကို သွားရောက်သင့်ကြောင်းတိုက်တွန်းလေ၏။ထိုခေတ်က ဘိလပ်ပြန်ဆိုလျှင် အလွန်အထင်ကြီးကြသော ခေတ်ဖြစ်၍ ဦးဘကောင်းသည် ဘိလပ်သို့ သွားသင့် မသွားသင့် ဆုံးဖြတ်နေလေ၏။ဦးဘကောင်းသည် သူ၏အလုပ်များကိုစိတ်မချသဖြင့် သွားမယ်လုပ်လိုက် မသွားဘူးလုပ်လိုက်ဖြင့် (၃)ရက်ခန့်ကြာသွားလေ၏။(၃)ရက်မြောက်နေ့ တွင် ဦးဘကောင်းသည် အစားမှား၍ကွယ်လွန်သွားလေ၏။ ဦးဘကောင်းကွယ်လွန်ခါနီးတွင် ဘိလပ်ကိုသွားမည်ဟုဆုံးဖြတ်ချက်ချကာ စိတ်စွဲလမ်း
သွားလေသည်။ဦးဘကောင်းသည် ဘိလပ်သို့ စွဲလမ်းစိတ်ဖြင့် ကွယ်လွန်ကာ ဘိလပ်ရှိ ထိပ်တန်းစာရင်းဝင်ချမ်းသာသော သူဌေးကြီးမိသားစု
တွင် လူဝင်စားသွားဖြစ်လေသည်။ဦးဘကောင်း မကွယ်လွန်မီက ပြုလုပ်ခဲ့သော တန်ဆောင်းလှူဒါန်းခြင်း ၊ဘုရားလှူဒါန်ခြင်းနှင့် သီလဆောက်
တည်ခြင်းကုသိုလ်များသည်ရေမြေခြားနေသော်လည်း လိုက်လံ၍အကျိုးပေးလေသည်။ဦးဘကောင်းလူဝင်စားလေးသည် အသားအရည်ဖြူ
ဆွတ်၍ ချစ်စရာအလွန်ကောင်းလေ၏။သူ၏မိဘများက သူ့ ကို "ဟွန်းစနိုး"ဟူ အမည်မှည့်ထားလေသည်။ ဦးဘကောင်းဝင်စားသော ဟွန်းစ
နိုးသည် ညဏ်ရည်အလွန်ထက်မြက်၏။တစ်နှစ်တစ်တန်း မှန်မှန်အောင်မြင်ကာ ဖိုင်နယ်တန်းသို့ ရောက်လာလေသည်။ ဖိုင်နယ်တနိးသို့ 
ရောက်သောအခါ ဘာသာရေးအကြောင်းကို သင်ယူရရာ ဘာသာကြီး(၅)မျိုးအကြောင်းကို စာတမ်းပြုစုရန် ဆရာကခိုင်းလိုက်လေသည်။မစ္စ
တာဟွန်းစနိုးသည် ဘာသာကြီး လေးမျိုးကို စာတမ်းပြုစုအပြီးတွင် ဗုဒ္ဒဘာသာတစ်ခုအား စာတမ်းပြုစုရန်ကျန်ရှိလေသည်။ထို့ ကြောင့်သူသည်
စာကြည့်တိုက်မှ ဗုဒ္ဒဘာသာအကြောင်းရေးထားသောစာအုပ်ကိုဖတ်ရှုလေသည်။ထိုစာအုပ်ကိုဖတ်ရှုနေရင်း မစ္စတာဟွန်းစနိုးသည် ရွှေတိဂုံ
စေတီတော်ပုံကိုမြင်၍ကြည့်ရှုရာ ထိုပုံတော်တွင် တန်ဆောင်းကြီးတစ်ခုက ပေါ်နေလေသည်။ထိုတန်ဆောင်းပုံကြီးကို ဟွန်းစနိုး၏သူငယ်ချင်း
များကမမြင်ရဘဲ ဟွန်းစနိုးတစ်ယောက်သာမြင်ရလေသည်။ထို့ ကြောင့် မစ္စတာဟွန်းစနိုးသည် ရွှေတိဂုံစေတီတော်ကြီးအား သွားရောက်
လေ့လာချင်စိတ်များဖြစ်မိလေသည်။မစ္စတာဟွန်းစနိုးသည် မိဘများထံခွင့်တောင်းကာ သူငယ်ချင်းဖြစ်သူနှင့် မြန်မာနိုင်ငံသို့ သွားရောက်လည်
ပတ်ရန်ပြင်ဆင်လေသည်။မစ္စတာဟွန်းစနိုးသည်သဘောင်္ဖြင့်မြန်မာနိုင်ငံသို့  တစ်လခန့် စီး၍လာလေသည်။ထိုခေတ်က လေယာဉ်ပျံများမပေါ်
သေး၍ သင်္ဘောဖြင့်သာ ခရီးသွားလာကြသည်။မစ္စတာ ဟွန်းစနိုးသည် မြန်မာနိုင်ငံသို့ ရောက်ရောက်ချင်း ရွှေတိဂုံစေတီတော်သို့ သွားလေ
သည်။သူသည် ရွှေတိဂုံစေတီတော်ကြီးအားမြင်သောအခါ လက်အုပ်ချီ၍ ရှိခိုးလေသည်။ထိုအခါ ဟွန်းစနိုး၏သူငယ်ချင်းဖြစ်သူက ခရစ်ယာန်
ဘာသာဝင်များသည် လက်အုပ်ချီ၍ဘာသာခြားတို့ ၏ ဘုရားကို မရှိခိုးသင့်ကြောင်းပြောဆိုလေသည်။မစ္စတာဟွန်းစနိုးသည် သူငယ်ချင်းဖြစ်
သူနှင့် ရွှေတိဂုံဘုရားပေါ်သို့ တန်ဆောင်းမှတက်လေ၏။ဟွန်းစနိုးသည် တန်ဆောင်းပေါ်သို့ ရောက်သောအခါ ဘုရားဆင်းတုတော်တစ်ဆူ
ရှေ့ တွင် ဘုရားရှိခိုးနေသော ဦးထွန်းနိုင်ကိုတွေ့ ရလေသည်။ထိုအခါဟွန်းစနိုးသည် ဘုရားရှိခိုးနေသာ ဦးထွန်းနိုင်အားပြေးဖက်၍ "သား ..သား
"ဟူ၍ မြန်မာစကားဖြင့်ခေါ်လေသည်။ဦးထွန်းနိုင်သည် သူ့ ကို အသက်နှစ်ဆယ်ခန့် ရှိသောလူငယ်တစ်ယောက်က သားဟုခေါ်သဖြင့်
ကြောင်တောင်အမ်းအမ်းဖြင့် ကြည့်လေသည်။ ဟွန်းစနိုးသည် မြန်မာစကားဖြင့် ဦးထွန်းနိုင်အား သူ့ သားဖြစ်ကြောင်းပြောဆိုလေသည်။ဦး
ထွန်းနိုင်က မယုံကြောင်းပြောလေရာ ဟွန်းစနိုးက မယုံလျှင် ဦးထွန်းနိုင်၏ကျောဘက်တွင် နဂါးပုံနှင့်ခြင်္သေ့ပုံရှိကြောင်း ၊ ဘုရားဆင်းတုတော်
အောက်တွင် သူလှူထားသော ဒင်္ဂါးပြားများရှိကြောင်းပြောဆိုလေသည်။ဦးထွန်းနိုင်သည် ထိုအခါတွင်မှသူ့ အဖေဖြစ်ကြောင်း ယုံကြည်သွား
လေသည်။ ဥိးထွန်းသည် အိမ်သို့ ရောက်သောအခါ ဟွန်းစနိုးက ဦးဘကောင်း၏ ပစ္စည်းများကို မှန်ကန်စွာပြောဆိုနိုင်လေသည်။ထို့ နောက်
ဟွန်းစနိုးသည် မြန်မာပြည်တွင် ဗုဒ္ဒဘာသာအဖြစ်ခံယူကာ ရာသက်ပန်ရဟန်းဝတ်သွားလေသည်။



(ဤသည်ကား ဘုရာဒကာ ၊တန်ဆောင်းဒကာကြီး ဦးဘကောင်း၏ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါသည်)

Friday, February 3, 2012

မင်္ဂလာပါ

စာပေချစ်မြတ်နိုးသူ ပရိသတ်များအားလုံးကို  "ကိုထက် စာပေဥယျာဉ်"မှကြိုဆိုပါတယ်။ဒီဝက်ဆိုဒ်လေးကို
မကြာသေးခင်မှတည်ထောင်ထားတဲ့အတွက် လိုအပ်ချက်များရှိပါက သီးခံခွင့်လွှတ်ပေးကြပါ။"ကိုထက် စာပေ
ဥယျာဉ်"၀က်ဆိုဒ်ထဲတွင်  သုတ ၊ ရသ ၊ သတင်းအချက်အလက်များ၊နည်းပညာများ၊အနုပညာသတင်းများ၊
သီချင်းများ ၊ ဗီဒီယိုများကို စုံလင်စွာတင်ဆက်သွားမှာဖြစ်ပါတယ်။"ကိုထက် စာပေဥယျာဉ်" ကိုလာလည်ကြတဲ့ပရိသတ်များအားလုံးကို ကျန်းမာရွှင်လန်းနိုင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။



ခင်မင်လေးစားလျက်.......ကိုထက် (စာရေးသူ ၊ Administrator)

Email - kohtet.universe@gmail.com